ရည်ရွယ်ချက် ဆိုပြီး ကြီးကြီးကျယ်ကျယ် ရေးထားပေမဲ့ တကယ် ဖြစ်စေချင်တာကတော့ တစ်နေရာတည်းမှာ မြန်မာ ဘလော့ဂါတွေ ရေးသမျှ ၊ တင်သမျှ ပို့စ်တွေကို Update ဖြစ်ပြီး စာဖတ်သူတွေက ဒီတစ်နေရာတည်းကို Bookmark လုပ်ထားလိုက်ရင် ဘလော့ဂါတွေ ရေးသမျှ ပို့စ်တွေကို လွယ်လွယ်ကူကူ ရွေးခြယ် ဖတ်နိုင်စေဖို့ပါ။ ဒါလေးပါပဲ။
ဒါကြောင့် ဒီနေရာမှာ မိမိဘလော့သော် လည်းကောင်း ၊ မိမိနှစ်သက်သော ဘလော့ နာမည် စာရင်းသော် လည်းကောင်း မပါသေးဘူး ဆိုရင် ဘယ်သူမဆို ဘေးက စီဘောက်မှာ မိမိ လင့်ထားလိုတဲ့ ဘလော့ဂါရဲ့ လင့်လေးကို ရေးပေးသွားပါ။ ညစ်ညမ်း ဘလော့များနှင့် ဘာသာရေး ပုတ်ခတ်ထားသော ဘလော့များမှ လွဲ၍ ချိတ်ပေးပါ့မယ်။
မိမိဆိုက်မှာလည်း ဒီနေရာလေးကို ကြော်ငြာထားလို့ ရပါတယ်။ ဒီနေရာလေးက တစ်ဦးတစ်ယောက်ပိုင် မဟုတ်ပါ ၊ အားလုံးနဲ့ သက်ဆိုင်သော နေရာလေး ဖြစ်ပါတယ်။ အတူတူ ကူညီကာ မိမိရဲ့ ဆိုက်မှာ ကြော်ငြာပေးပါ။
အောက်က ကုတ်များကို ကူးပြီး မိမိရဲ့ ဆိုက်ဘားမှာ ကြော်ငြာပေးပါ။
၂။ ပေါ်လာသော Blogger Dashboard တွင် Design ကို ထပ်ရွေးပါ။
၃။ Design ရဲ့ Page Elements ကို ရောက်သွားပါလိမ့်မယ်။ ဒါဆိုရင် ထိုမှ Add a Gadget ကို နှိပ်ပါ။
၎။ ပေါ်လာသော အကွက်ထဲမှ HTML/JavaScript ကို ရွေးလိုက်ပါ။
၅။ နောက်ထပ် အသစ်ပေါ်လာသော အကွက်ထဲမှာ အထက်မှ ကုတ်ကို ထည့်လိုက်ပါ။
၆။ ပြီးရင် Save လိုက်ပါ။
၇။ ထို့နောက် လိုရာ နေရာသို့ မောက်စ်ဖြင့် ဖိဆွဲပြီး နေရာချပါ။ ပြီးရင် ထိုနေရာမှာ ထပ် Save ပါ။ ဒါဆို ရပါပြီ။
ကျေးဇူးတင်ပါတယ်။
ကိုဇော်
.